“နောင်တရားဒေသတွင် အာလူးစိုက်ဧကပေါင်း ၁၀,၀၀၀ ကျော် စိုက်ပျိုးလျက်ရှိ”
03 Jun
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့မှာ အာလူးများကို တစ်နှစ်လျှင် ၃ ကြိမ် စိုက်ပျိုးလျက်ရှိပြီး အာလူးစိုက်ဧကပေါင်း ၁၀,၀၀၀ ကျော် စိုက်ပျိုးလျက် ရှိကြောင်း သိရပါတယ်။ ယခုအခါ ရေသွင်းစိုက်ပျိုးထားတဲ့ အာလူးများကို စတင်တူးဖော်လျက်ရှိကြောင်း၊ လက်ရှိတွင်အာလူး ဈေးနှုန်းက နည်းနေသေးကြောင်း သိရပါတယ်။ နောင်တရားဒေသတွင် အာလူးကို မိုးကြို၊ မိုးနှောင်း(စက)နှင့် ရေသွင်း အာလူးဟူ၍ သုံးကြိမ်စိုက်ပျိုးလျက်ရှိပါတယ်။ အာလူးစိုက်ပျိုးရေးလုပ်ငန်းတွင် စိုက်ပျိုးရေးကုန်ကျစရိတ်များပြား သော်လည်း တောင်သူအများစုက အာလူးစိုက်ပျိုးတဲ့လုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာကြပါတယ်။ အောင်ပန်းကုန်စည် ဒိုင်မှာ အာလူးမျိုးပေါ်မူတည်၍ ဈေးနှုန်းကွဲပြားမှုများရှိပြီး အာလူးတစ်ပိဿာ ကျပ် ၁,၃၀၀ မှ ကျပ် ၂,၂၀၀ အထိ ရှိကြောင်း သိရပါတယ်။(NVS 004)