“ရွှေတိဂုံစေတီတော်၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့) အခမ်းအနားကျင်းပမည်”

03 Jun

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ဆယ့်နှစ်လရာသီပွဲတော်များအနက် ၁၃၈၇ ခုနှစ်၊ နယုန် လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကို ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ရွှေတိဂုံစေတီတော် ရင်ပြင်၌ ဇွန်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကျင်းပပြုလုပ်မည့် အစီအစဉ်အနေနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဇွန်လ ၁၀ ရက်၊ နံနက် ၅ နာရီ အချိန်မှာ ဆွမ်းတော်ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၆ နာရီမှာ ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆရာတော်ကြီး များနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းခြင်း၊ နံနက် ၆ နာရီခွဲတွင် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ တရားတော်များနာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါနေ့ နံနက် ၇ နာရီမှာ မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေနဲ့ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပိလဝတ်နှင့် ကောလိယအုပ်စုနှစ်ခုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်းမှာ မဟာသမယသုတ်ရွတ်ဖတ်ပူဇော်တဲ့ အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေနဲ့ ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်ခြင်းတို့ကို ဆောင်ရွက်သွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရပါတယ်။ (NVS 004)

03 Jun

ADVERTISE HERE .