“Forbes မဂ္ဂဇင်းရဲ့ တန်ဖိုးမြင့်ဆုံးဘောလုံးအသင်းစာရင်းမှာ လေးနှစ်ဆက်ဦးဆောင်နိုင်ခဲ့တဲ့ ရီးရဲလ်အသင်း”
02 Jun
ကမ္ဘာကျော် အမေရိကန်စီးပွားရေးမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ တန်ဖိုးအမြင့်ဆုံး ဘောလုံးအသင်းများစာရင်းမှာ ရီးရဲလ်အသင်းက လေးနှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးအသင်းများစာရင်းကို ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန် ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွက်စာရင်းကို မေလ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစာရင်းအရ ရီးရဲလ်အသင်းသည် ၂၀၂၃-၂၀၂၄ ရာသီမှာ ကဏ္ဍအသီးသီးမှဝင်ငွေဒေါ်လာ ၁ ဒသမ ၁၃ ဘီလီယံရှိခဲ့ပြီး တစ်ရာသီအတွင်း ဝင်ငွေဒေါ်လာတစ်ဘီလီယံအထက်ရရှိတဲ့ ပထမဆုံးဘောလုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို NFL ကလပ် ဒါးလက်စ်ကောင်းဘွိုင်အသင်းပြီးလျှင် ဝင်ငွေအများဆုံးရရှိတဲ့ ဒုတိယမြောက် အားကစားအသင်း ဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်အသင်းရဲ့တန်ဖိုးမှာ ယခင်ကထက် နှစ်ရာခိုင်နှုန်းမြင့်တက်လာပြီး ထိပ်ဆုံးနေရာမှာ လေးနှစ်ဆက် တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။ ယခုစာရင်းရဲ့ ထိပ်ဆုံးခုနစ်သင်းမှာ ယခင်နှစ်များအတိုင်း အပြောင်းအလဲမရှိဘဲ ရပ်တည် နိုင်ခဲ့ပြီး မန်ယူအသင်းက ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ( ဒေါ်လာ ၈၃၄ သန်း)၊ ဘာစီလိုနာအသင်းက ဒေါ်လာ ၅ ဒသမ ၆၅ ဘီလီယံ ( ဒေါ်လာ ၈၂၁ သန်း)၊ လီဗာပူးလ်အသင်းက ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ (ဒေါ်လာ ၇၇၃ သန်း)၊ မန်စီးတီးအသင်းက ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ( ဒေါ်လာ ၉၀၁ သန်း)၊ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၈၂၇ သန်း)၊ PSG အသင်းက ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ (ဒေါ်လာသန်း ၈၇၀)နဲ့ ရပ်တည် ခဲ့ပါတယ်။ (NVS 008)