“၅ လကျော်ကာလအတွင်း စားသုံးဆီဈေး ၉၇၀ အထိကျဆင်းခဲ့”

02 Jun

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့ ဇွန်လ ၂ ရက်မှ ဇွန်လ ၈ ရက်အထိ စားအုန်ဆီအထိုင်လက်ကားဈေးနှုန်းတစ်ပိဿာကို ၆,၃၁၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ ပါတယ်။ ယခင်တစ်ပတ် ထုတ်ပြန်ချက်များအရ စားအုန်ဆီလက်ကားဈေးနှုန်းဟာတစ်ပိဿာ ၆,၃၉၀ ကျပ်အထိရှိခဲ့ပြီး ယခုတစ်ပတ်ထုတ်ပြန်ချက်အရ စားအုန်းဆီလက်ကားဈေးနှုန်းတစ်ပိဿာ ၆,၃၁၀ ကျပ် ဖြစ်တာကြောင့် ယခင် တစ်ပတ်ကထက် ငွေကျပ် ၈၀ အထိ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ၅ လအတွင်း စားအုန်းဆီ လက်ကားဈေးနှုန်းဟာ ငွေကျပ် ၉၇၀ အထိ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာမှာ စားအုန်းဆီတင်ပို့တဲ့နိုင်ငံများရဲ့ ဈေးနှုန်းအတက်အကျပေါ်မူတည်ကာ ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားတဲ့ ဈေးနှုန်းများထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ (NVS 004)

02 Jun

ADVERTISE HERE .