“ထိုင်းကုန်စည်ပြပွဲ ၃ ရက်ကြာကျင်းပမည်”

02 Jun

EV ကားများအပါအဝင်ကုန်ပစ္စည်းမျိုးစုံကို အထူးစျေးနှုန်းဖြင့်ဝယ်ယူနိုင်မယ့် ထိုင်းကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိတ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center (YCC)မှာ လာမယ့် ဇွန်လ ၆ ရက်မှ ဇွန်လ ၈ ရက်အထိ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၃ ရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါပြပွဲမှာ ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်းများနှင့် အခြားနိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများဖြစ်တဲ့ EV ကားများ၊ အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ယန္တရားများကို ခင်းကျင်းပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ပြပွဲမှာ နာမည်ကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ကံစမ်းမဲအစီအစဥ်များကို ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။ (NVS 004)

02 Jun

ADVERTISE HERE .