အာဆင်နယ်အသင်းက ခံစစ်ကစားသမား ဂါဘရီရယ် ကို သက်တမ်းတိုးရန် သဘောတူညီမှုရရှိ
01 Jun
အာဆင်နယ်အသင်းက အဓိကခံစစ်ကစားသမား ဂါဘရီရယ် ကို ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂါဘရီရယ် ဟာ ၂၀၂၀ ပြည့်နှစ်က လိုင်လီအသင်းမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးဗဟိုခံစစ် ကစားသမားများအနက် တစ်ဦးအဖြစ် ရပ်တည် လျက်ရှိပါတယ်။ ဂါဘရီရယ်နှင့် အာဆင်နယ်အသင်းတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိပြီး ရီးရဲလ်မက်ဒရစ်အသင်း ဂါဘရီရယ် ကိုခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်ဟု သတင်းများထွက်ပေါ်နေခဲ့လို့ အာဆင်နယ်အသင်းက အဓိက ကစားသမားတစ်ဦးကို လက်မလွှတ်လိုတာကြောင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ ပါတယ်။ ဂါဘရီရယ် ကိုယ်တိုင်ကလည်း အသင်းတွင် ဆက်လက်ကစားလိုတဲ့အတွက် ကာလရှည်သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ် လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း သိရပါတယ်။(NVS 008)