လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဒါဝင်နူနက်စ် ကို အက်သလက်တီကိုအသင်း ခေါ်ယူရန်နီးစပ်
01 Jun
အက်သလက်တီကိုအသင်းက လီဗာပူးလ်အသင်းမှ တိုက်စစ်ကစားသမား ဒါဝင်နူနက်စ် ကို ခေါ်ယူနိုင်ရန် နီးစပ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒါဝင်နူနက်စ် ဟာ ၂၀၂၂ ခုနှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့မှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ဒါဝင်နူနက်စ် အနေနဲ့ ဘင်ဖီကာအသင်းမှာ ကစားခဲ့စဉ်က ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း လီဗာပူးအသင်း၌ သုံးရာသီကစားခဲ့ရာတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပါတယ်။ အသင်းနှင့်အတူ ၁၄၃ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၄၀ သာသွင်းယူနိုင်ခဲ့ကာ ယခုနှစ်ဘောလုံးရာသီတွင်လည်း နည်းပြ ဆလော့ လက်အောက်တွင် ပွဲအနည်းငယ်သာ ပါဝင်ကစားခွင့်ခဲ့ရပါတယ်။ ဒါဝင်နူနက်စ် အနေနဲ့ သုံးရာသီအတွင်း အပိုင်ဂိုးသွင်းခွင့်များ လွဲချော်ခဲ့လို့ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန်ဆုံးဖြတ်ခဲ့ပြီး အေတီကိုအသင်းက ခေါ်ယူရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာ သဘောတူညီမှုရရှိရန် နီးစပ်လျက်ရှိနေကြောင်း သိရပါတယ်။(NVS 008)