ဂိုးသမား ဒီဂီယာ ကို ဖီအိုရင်တီးနားအသင်းက ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို
01 Junဖီအိုရင်တီးနားအသင်းက အသင်းဂိုးသမား ဒီဂီယာ ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ ကြောင်း သိရပါတယ်။ ဂိုးသမား ဒီဂီယာ ဟာ ၂၀၂၃ ခုနှစ်မှာ မန်ယူအသင်းနဲ့ လမ်းခွဲပြီးနောက် တစ်နှစ်ကျော်ကြာ ကလပ်အသင်း လက်မဲ့ဖြစ်နေရာမှ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ဖီအိုရင်တီးနားအသင်းသို့ ရောက်ရှိခဲ့ကာ ယခုဘောလုံးရာသီတွင် ဖီအိုရင်တီးနားအသင်းနှင့်အတူ အကောင်းဆုံးလက်စွမ်းကို ပြနိုင်ခဲ့ပါတယ်။ အစောပိုင်းက ဂိုးသမား ဒီဂီယာ ကို အသင်းဟောင်းမန်ယူအသင်းက ပြန်လည်ချိတ်ဆက်မှုများလုပ်ဆောင် နေတယ်လို့ သတင်းများထွက်ပေါ်ခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုနာကိုအသင်းကခေါ်ယူရန် ကြိုးပမ်းလျက် ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဖီအိုရင်တီးနားအသင်းက အသင်းနှင့်အတူ အကောင်းဆုံး လက်စွမ်းပြလျက်ရှိတဲ့ ဂိုးသမား ဒီဂီယာ ကို လက်မလွှတ်လိုတဲ့အတွက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်ရာမှ ၂၀၂၈ ခုနှစ်၊ ဇွန်လကုန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။(NVS 008)