နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှထွက်ခွာပြီး အယ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိ ဖာနန်ဒက်စ်

01 Jun

မန်ယူအသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာပြီး ဆော်ဒီထိပ်တန်းလိဂ် အသင်းတစ်သင်းဖြစ်တဲ့ အယ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရပါတယ်။ ဖာနန်ဒက်စ် ဟာ ၂၀၂၀ ပြည့်နှစ်က စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစား ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ လက်ရှိပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အကောင်းဆုံးကွင်းလယ်ကစားသမားများတွင် တစ်ဦးအပါအဝင် ရပ်တည်နေသူဖြစ်ပါတယ်။ မန်ယူအသင်းက ဘောလုံးရာသီတိုင်းမှာ ရုန်းကန်နေရပြီး လာမည့်ဘောလုံးရာသီတွင်လည်း ဥရောပပြိုင်ပွဲ အားလုံးနဲ့ လွဲချော်ခဲ့ရလို့ ဖာနန်ဒက်စ် က မန်ယူအသင်းမှထွက်ခွာရန် စဉ်းစားနေခြင်းဖြစ်ပါတယ်။ အယ်ဟီလယ်အသင်းက ယခုဘောလုံးရာသီတွင် ဆော်ဒီပရိုလိဂ်ချန်ပီယံဆု လက်လွှတ်ခဲ့ရပြီးနောက် ဥရောပမှ ထိပ်တန်းကစားသမားများကို ခေါ်ယူရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အယ်ဟီလယ် အသင်းက ဖာနန်ဒက်စ် ကို စံချိန်တင်လုပ်ခလစာအဖြစ် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၇၀၀,၀၀၀ အပြင် အခြားအပိုဆုကြေးများပေးပြီး ခေါ်ယူရန်ကမ်းလှမ်းထားကာ မန်ယူအသင်းကိုလည်း ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ နှင့်အထက်ပေးချေရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)

01 Jun

ADVERTISE HERE .