စစ်ကိုင်းခရိုင်အတွင်း Grade-12 ဖြေဆိုမည့် ကျောင်းသား ၆၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

01 Jun

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း Grade-12 ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၆၅၈ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို မေလ ၃၀ ရက်တွင် သတ်မှတ်စုရပ်များအလိုက် ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များက ပြည်သူ ၂၈၃ ဦးကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ပြည်သူ ၆၃၇၇ ဦးအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး(တတိယအကြိမ်)တိုက်ကျွေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ရေတွင်း/ရေကန် ၉၃ ကန်အား ကလိုရင်းဆေးခပ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ အိမ်တိုင် ရာရောက် ရေသန့်ဆေးပြားများပေးဝေခြင်းနှင့် လက်သန့်ဆေးရည်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိတွင် ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို တွေ့ရှိရပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပါတယ်။ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်လျက်ရှိပြီး ပြင်းထန်မှု မရှိသည့် မျိုးကွဲများဖြစ်သည့်အတွက် လက်ရှိထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဖြင့် ထိရောက်စွာကာကွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားရှိပါတယ်။(NVS 004)

01 Jun

ADVERTISE HERE .