အိန္ဒိယနိုင်ငံ၌ မိုးကြီးပြီး မြေပြိုမှုများကြောင့် လူ ၁၈ ဦးသေဆုံး
01 Jun
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုမှုများနှင့် ရေကြီးမှုများဖြစ်ပွားရာ လူ ၁၈ ဦးသေဆုံးကြောင်းနှင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာမှာ သဘာဝဘေးကို ရင်ဆိုင်ခံစားရကြောင်း တာဝန်ရှိသူများက မေလ ၃၁ ရက်တွင်ပြောသည်။ အာသံပြည်နယ် ကမ်ရပ်ခရိုင်၌ဖြစ်ပွားသော မြေပြိုမှုတစ်ခုတွင် လူငါးဦးသေဆုံးပြီး ခရိုင်ခြောက်ခုရှိပြည်သူ ၁၀,၀၀၀ ကျော်မှာ ရေလွှမ်းမိုးမှုဒဏ်ခံစားနေရကြောင်း ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုအာဏာ ပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ အလားတူ တာဝန်ရှိသူများက သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းနှစ်ခုနှင့် ထောက်ပံ့ရေးစခန်းတစ်ခုတို့ကို ဖွင့်လှစ်ထားကြောင်းနှင့် လာမည့်နှစ်ရက်မှသုံးရက်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမည ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။