ကောင်းမှုတော်စေတီတော်ကြီး စိန်ဖူးတော် မြေသို့ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားပြုလုပ်

31 May

စစ်ကိုင်းမြို့၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်၏ စိန်ဖူးတော် မြေသို့ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို မေလ ၃၀ ရက်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ ဥက္ကဋ္ဌ သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက ရာဇမဏိစူဠာကောင်းမှုတော် စေတီတော်ကြီး၏ စိန်ဖူးတော်အား စက်ယန္တရားကြီးဖြင့် မြေသို့ပင့်ဆောင်နေမှုကို ကြည့်ရှုခဲ့ပါတယ်။ ထို့နောက် စိန်ဖူးတော်ကြီးအား သီတဂူဆရာတော်ကြီးထံ ဆက်ကပ်ပြီး စိန်ဖူးတော်၏ ရတနာကြုပ်အတွင်းပါရှိသော ရတနာပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်ရတနာကြုပ်အတွင်း၌ ရွှေကွပ်ထားသော ကြေးပြား အရွယ်ဆိုဒ်စုံ ၅၄ ပြား၊ စိန်ဖူးခြုပ်အပေါ်ပိုင်း၊ စိန်ဖူးခြုပ်အောက်ပိုင်း၊ ငွေဟုယူဆရသော စတီးစိန်ဖူးအထိုင်၊ မြသပိတ်တော်ခြုပ်၊ ငွေဒင်္ဂါပြားနှင့် အကြွေစေ့ဆိုဒ်စုံ ၂၉ ပြား၊ နားကပ် ၁၄ ခု၊ လက်စွပ်ငါးကွင်း၊ ကျောက်မျိုးစုံ ၁၃၇ လုံး၊ ရွှေစအသေး သုံးဆ၊ ဓာတ်တော်ကြုပ်ပုလင်း နှစ်လုံးနှင့် စိန်ဖူးကြုပ်ရွှေအလေးချိန်(ကျောက်အပါ) ၄၃ ကျပ် ၅ ပဲသား ပါရှိကြောင်းနှင့် အဆိုပါပစ္စည်းများကို တာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

31 May

ADVERTISE HERE .