MSME လုပ်ငန်းများ ပြန်လည်ရှင်သန်လာအောင် အာရုံစိုက်လုပ်ဆောင်ရမည်

31 May

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို မေ ၃၀ ရက်မှ ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် စီးပွားရေးကဏ္ဍ ထိခိုက်ဆုံးရှုံးမှုများက အံအားသင့်လောက်အောင် ကြီးမား ခဲ့ကြောင်း၊ လမ်းများ ဆိုးဆိုးရွားရွားပျက်စီးပြီး တံတားတွေပြိုကျခဲ့ကာ MSME လုပ်ငန်းများမှအစ စက်ရုံ၊ အလုပ်ရုံများ စီးပွားရေးလုပ်ငန်းကြီး ထိခိုက်ပျက်စီးခဲ့ကြောင်း နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။ အခြေခံအဆောက်အအုံများအားပြန်လည်တည်ဆောက်ခြင်းနှင့်အတူ မြန်မာ့စီးပွားရေး ၏ ကျောရိုးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန် အာရုံစိုက်၍ လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေး ပိုမိုကောင်းမွန်ရမည် ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်ဒေသများအတွက် ချေးငွေများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ငွေကျပ်ဘီလီယံ ၇၀၀ ကို လျာထားပြီး ရင်းနှီးမြှုပ်နှံမှုများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးမြှင့်တင်ရေးကို ကြိုးစားရမည် ဖြစ်သလို တစ်ဖက်မှလည်း ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ ဖြေရှင်းနိုင်သည့် နည်းလမ်းမှာ ကုန်ထုတ်လုပ်မှုပင်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမရှိဘဲ ကုန်ဈေးနှုန်းကျဆင်းရန်မှာ မည်သို့မျှမဖြစ်နိုင် ကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား၊ ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့ မျှတအောင် ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

31 May

ADVERTISE HERE .