Ballon d'Or ဆုကို ယာမယ်လ် က အကြိမ်များစွာ ရယူနိုင်ကြောင်းပြောခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

30 May

ဘာစီလိုနာဂန္ထဝင် ရော်နယ်လ်ဒင်ဟို က လူငယ်တိုက်စစ်ကစားသမား ယာမယ် အနေနဲ့ ဘာစီလိုနာအသင်း၌ သမိုင်းသစ်ရေးထိုးမည့်သူဖြစ်ပြီး Ballon d'Or ဆုကို အကြိမ်များစွာရယူနိုင်လိမ့်လို့ ပြောကြားခဲ့ပါတယ်။ ယာမယ် ဟာ သည် အသက် ၁၇ နှစ်သာရှိသေးသော်လည်း ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါ ချန်ပီယံဆု နှစ်ကြိမ်အပါအဝင် ဆုဖလားလေးလုံးအထိ ရယူထားသလို စပိန်အသင်းနဲ့လည်း ၂၀၂၄ ယူရိုဖလားရရှိထားပါတယ်။ လက်ရှိတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၅ ပွဲတွင် ၂၅ ဂိုးသွင်းယူထားသလို စပိန်လက်ရွေးစင် အသင်းမှာလည်း ၁၉ ပွဲတွင် လေးဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ယာမယ် ရဲ့ စွမ်းဆောင်မှုက ဘောလုံးလောကတွင် ထာဝရအကောင်းဆုံးကစားသမားများအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ရဲ့ အသက် ၁၇ နှစ်အရွယ်က စွမ်းဆောင်မှုထက် များစွာသာလွန်နေတာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒင်ဟို က ယာမယ်လ် အနေနဲ့ ကောင်းမွန်တဲ့ကစားသမားဘဝမျိုးကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့် ကြောင်း၊ Ballon d'Or ဆုကို ရယူနိုင်စွမ်းရှိသူဖြစ်ပြီး အကြိမ်များစွာရယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 008)

30 May

ADVERTISE HERE .