“အမေရိကန်နိုင်ငံ၌ ပညာသင်ကြားခွင့်လျှောက်ထားသူများကို ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်”

29 May

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့က အမေရိကန်နိုင်ငံ၌ ပညာသင်ကြားခွင့် လျှောက်ထားသူ များကို ယာယီရပ်ဆိုင်းထားရန် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ကျောင်းသားဗီဇာ လျှောက်ထားသူ များအတွက် အင်တာဗျူးအသစ်များကျင်းပရန် ဆောင်ရွက်ခြင်းကို ခေတ္တရပ်ထားရန် အစိုးရက အမေရိကန်သံရုံး များနှင့်ကောင်စစ်ဝန်ရုံးများသို့ ညွှန်ကြားခဲ့ကြောင်း အမေရိကန်နိုင်ငံရေးသတင်းဝက်ဘ်ဆိုက်တစ်ခုက မေလ ၂၈ ရက် တွင် သတင်းဖော်ပြခဲ့သည်။ စည်းမျဉ်းအသစ်တစ်ရပ်ကြေညာသည့်တိုင် ဆက်လက်ရပ်ဆိုင်းထားမည် ဖြစ် ကြောင်း အဆိုပါဝက်ဘ်ဆိုက်က ပြောကြားသည်။ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားရန် လျှောက်ထားသော နိုင်ငံခြားကျောင်းသားများအားလုံး ကို ၎င်းတို့၏လူမှုမီဒီယာလှုပ်ရှားမှုကို စစ်ဆေးရန် စဉ်းစားနေသည်ဟုလည်း ၎င်းကပြောကြားသည်။ အမေရိကန် ပြည်ထောင်စုသို့ လာရောက်သည့် မည်သူကိုမဆို ၎င်းတို့၏လူမှုမီဒီယာလှုပ်ရှားမှုများကို စစ်ဆေးအကဲဖြတ်ရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က သတင်းထောက်များအား ပြောကြားသည်။ အစိုးရအဖွဲ့၏ ယခုလိုဆောင်ရွက်ချက်များသည် နိုင်ငံအတွင်း ပညာသင်ကြားရန် မျှော်လင့်နေ သော နိုင်ငံတကာကျောင်းသားများကို ထိခိုက်စေနိုင်ဖွယ်ရှိသည်။ အကြမ်းဖက်မှုနှင့်ဘာသာရေးယုံကြည်ချက် ဆိုင်ရာ အဓိကရုဏ်းများဖြစ်ပေါ်နိုင်သည့် အကြောင်းပြချက်ဖြင့် မကြာသေးမီက ဟားဗတ်တက္ကသိုလ်အား နိုင်ငံ တကာ ကျောင်းသားများကို လက်ခံသင်ကြားခြင်းမပြုရန် တရားဝင်ကြေညာခဲ့သည်ဟု NHK သတင်းဌာနဖော်ပြ ချက်အရ သိရသည်။

29 May

ADVERTISE HERE .