“အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် လျှောက်ထားနိုင်”
28 May
၂ဝ၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် ဧပြီလ၊ မေလ၊ ဇွန်လ အတွက် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအနေနဲ့ လူမှုရေးပင်စင်လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။ အဆိုပါ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများကို တစ်လလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၈၅ နှစ်အထက် လူမှုရေးပင်စင်လျှောက်ထားရာမှာ ၁၉၄၀ ခုနှစ်၊ မတ်လ ၃၀ ရက် မတိုင်မီ မွေးဖွားသူ ဖြစ်ရမည်ဖြစ်ကြောင်း သိရပါတယ်။ လျှောက်ထားသူများအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်) အိမ်ထောင်စု စာရင်းမိတ္တူ၊ (၄”x၆”) အရွယ်ဓာတ်ပုံ၊ ငွေထုတ်ယူမည့် ကိုယ်စားလှယ်(သား၊ သမီး၊ မြေး) ၏ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူနဲ့ သတ်မှတ်လျှောက်လွှာပုံစံ ဖြည့်သွင်းကာ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကြီးကြပ်မှု အောက်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ရုံးများသို့ ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက် နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)