“ရနောင်း-ကော့သောင်း-ရန်ကုန်လမ်းကြောင်းမှ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိ”
28 May
၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် ရနောင်း-ကော့သောင်း-ရန်ကုန် လမ်းကြောင်းမှ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ရရှိခဲ့ကြောင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method)နဲ့ ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်သို့ နယ်စပ်ကုန်သွယ်မှုနည်းလမ်း ကွန်တိန်နာစနစ်နဲ့ တင်ပို့/တင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် ဇွန်လ မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ကုန်သွယ်မှုလျာထားချက် ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အလားတူပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီ ပြန်လည် ဝင်ရောက်ရေးများ၊ စက်သုံးဆီ/စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးမှုများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်မှု အခြေအနေများနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေးများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)