“ကွန်ဟိန်းမြို့၌ VDP စီမံကိန်းဖြင့် တံတားနှစ်စင်း တည်ဆောက်မည်”

27 May

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ အတွင်း ကွန်ကရစ်တံတား နှစ်စင်းတည်ဆောက်ရန်အတွက် မြေပြင်အကြိုကွင်းဆင်းစစ်ဆေးခြင်းကို မေလ ၂၆ ရက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက လွယ်ဆိုင်ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ လွယ်ဆိုင်ကျေးရွာ၌ တည်ဆောက်သွားမည့် ကွန်ကရစ်တံတားများမှာ အလျား ၂၂ ပေ၊ အနံ ၅ ပေ၊ အမြင့် ငါးပေ ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူ ထည့်ဝင်ငွေများကို အသုံးပြုကာ ကွန်ဟိန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာအကူအညီ များဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

27 May

ADVERTISE HERE .