“မန္တလေးမြေငလျင်ဘေးသင့်ဒေသများတွင်အသုံးပြုရန် အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၂၂၅ တန် ပေးပို့လှူဒါန်း”

27 May

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ငလျင်ဘေးသင့်ဒေသများတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၂၂၅ တန် (ကီလို ၅၀ အိတ်ပေါင်း ၄,၅၀၀)ကို ရေကြောင်းမှ ပေးပို့ လှူဒါန်းခဲ့ရာ အိန္ဒိယနိုင်ငံ Vizag ဆိပ်ကမ်းမှထွက်ခွာလာပြီး သီလဝါဆိပ်ကမ်း MITT ဆိပ်ခံတံတားသို့ မေလ ၂၃ ရက် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ရောက်ရှိလာသည့် ဘိလပ်မြေအိတ်များကို မေလ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်တန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ထံမှ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပခဲ့ကြပါတယ်။ လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို သီလဝါဆိပ်ကမ်း၌ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီး H.E. Mr. Abhay Thakur က ဘိလပ်မြေအိတ်များ လှူဒါန်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ဘိလပ်မြေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကုန်တင် ကားများပေါ်တင်ဆောင်၍ ငလျင်ဘေးသင့်ဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

27 May

ADVERTISE HERE .