“တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ လေဗာကူဆင်အသင်း”
27 May
လေဗာကူဆင်အသင်းက မန်ယူနည်းပြဟောင်း တန်ဟက်ဂ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ လေဗာကူဆင်အသင်းက စပိန်နည်းပြ အလွန်ဆို နှင့် လမ်းခွဲခဲ့ပြီးနောက် နယ်သာလန်လူမျိုးနည်းပြ တန်ဟက်ဂ် ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ တန်ဟက်ဂ် ကို လေဗာကူဆင်အသင်းက ၂၀၂၇ ခုနှစ်အထိ ၂ နှစ် စာချုပ်နဲ့ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
27 May