“ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းမှာ ဆုဖလားတစ်ခု ရရှိသလို ဂုဏ်ယူကြောင်း ဂွါဒီယိုလာ ဆို”

27 May

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းမှာ ဆုဖလားတစ်ခု ရရှိသကဲ့သို့ပင် ဂုဏ်ယူရကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းက ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်ခဲ့ရပြီး အဆုံးသတ်မှာ တတိယနေရာရယူနိုင်ခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာ ကိုင်တွယ် ခဲ့သမျှ အသင်းတိုင်းမှာ ဆုဖလားအောင်ပွဲများစွာ ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာနည်းပြအဖြစ် ဆောင်ရွက်ချိန် ကတည်းက ရာသီတိုင်း ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရခြင်းမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာ က နည်းပြသက်တမ်းတစ်လျှောက် အမှတ်ပေးဇယား အဆင့်(၄)နေရာအောက် မရောက်ရှိတဲ့ မှတ်တမ်းကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

27 May

ADVERTISE HERE .