“ဘရာဇီးလ်နည်းပြသစ် အန်ဆယ်လော့တီရဲ့ ပထမဆုံးလူစာရင်းထုတ်ပြန်”

27 May

ဘရာဇီးလ်အသင်းရဲ့ နည်းပြသစ် အန်ဆယ်လော့တီ က နည်းပြသစ်အဖြစ် စတင်တာဝန်ယူတဲ့နေ့မှာပင် ဘရာဇီးလ်လက်ရွေးစင်အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့ပြီး အန်တိုနီ၊ ရစ်ချာလီဆန်နှင့် ကက်စီမီရို တို့ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ အန်ဆယ်လော့တီ က မေလ ၂၄ ရက်မှာ ရီးရဲလ်အသင်းနှင့် လမ်းခွဲပြီးနောက် မေလ ၂၆ ရက်မှာ ဘရာဇီးလ် လက်ရွေးစင်အသင်းကို စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အန်ဆယ်လော့တီကို ရီးရဲလ်အသင်းနှင့် တရားဝင်လမ်းမခွဲရသေးမီ မေလ ၁၂ ရက်ကတည်းက နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သော်လည်း မေလ ၂၆ ရက်မှသာ စတင်တာဝန်ယူခဲ့ရခြင်းဖြစ်ပါတယ်။ အန်ဆယ်လော့တီက ပုံစံကောင်းပြသနေတဲ့ ကစားသမားများကို ရွေးချယ်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်းနှင့် နေမာ ကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းက ဇွန်လ ၅ ရက်မှာ အီကွေဒေါအသင်းနဲ့ အဝေးကွင်း၊ ဇွန်လ ၁၀ ရက်မှာ ပါရာဂွေးအသင်းနဲ့ အိမ်ကွင်းယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

27 May

ADVERTISE HERE .