“ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးမှသာ အနာဂတ်အတွက် စဉ်းစားမယ်လို့ဆိုတဲ့ နည်းပြ အင်ဇာဂီ”

27 May

အင်တာမီလန်အသင်းရဲ့နည်းပြ အင်ဇာဂီ က ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးမှ အနာဂတ်အတွက် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အင်ဇာဂီ က အင်တာမီလန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး စာချုပ်သက်တမ်း တိုးမြှင့်ခြင်းမရှိသေးတဲ့အတွက် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ၎င်းကိုခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ အယ်လ်ဟီလာအသင်းက အင်ဇာဂီ ကို တစ်နှစ်လစာ ယူရိုသန်း ၅၀ နှုန်းနဲ့ ၂ နှစ်စာချုပ်အတွက် ယူရိုသန်း ၁၀၀ ပေးမည်ဟု ကမ်းလှမ်းထားကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ သို့သော် အင်ဇာဂီ က လက်ရှိအချိန်မှာ အဆိုပါအကြောင်းအရာကို စဉ်းစားမည်ဆိုပါက ရူးသွပ်ရာကျလိမ့်မည်ဖြစ်ကြောင်းနှင့် မိမိအနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးမှသာ အနာဂတ်အတွက် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

27 May

ADVERTISE HERE .