“ပြင်သစ်အိုးပင်း မစတင်မီ စပိန်တင်းနစ်သမား နာဒယ် ကို ဂုဏ်ပြုပွဲများပြုလုပ်ခဲ့”
27 May
အခုတစ်ပတ်မှာ ကျင်းပတဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲ မစတင်ခင်မှာ ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ၁၄ ကြိမ်ရရှိထားတဲ့ စပိန် တင်းနစ်သမား နာဒယ် အား ဂုဏ်ပြုပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ နာဒယ် ရဲ့ ပြင်သစ်အိုးပင်းယှဉ်ပြိုင်ပါဝင်ခဲ့တဲ့ ပုံရိပ်များကို ပြန်လည်ပြသခဲ့ပြီးနောက် နာဒယ် ရဲ့ ခေတ်ပြိုင်တွေဖြစ်ကြတဲ့ ဖက်ဒါရာ၊ ဂျိုကိုဗစ်နဲ့ အင်ဒီမာရေးတို့ ကွင်းအတွင်း ဝင်ရောက်လာခဲ့ကြပြီး နာဒယ်ကို ဂုဏ်ပြုခဲ့ကြပါတယ်။ လာမယ့် ဇွန်လထဲမှာ အသက် ၃၈ နှစ်ပြည့်တော့မယ် နာဒယ် ဟာ ပြီးခဲ့တဲ့နှစ် တင်းနစ်ရာသီအကုန်မှာပဲ ကစားသမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပြီး တင်းနစ်လောကရဲ့ ရွှေခေတ်ကာလ ကြီးလေးကြီး ကစားသမား တွေထဲမှာ ပြိုင်ပွဲတွေဆက်ပြိုင်နေတဲ့ ကစားသမားအနေနဲ့ ဂျိုကိုဗစ် တစ်ဦးတည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ နာဒယ် ဟာ ဂရင်းစလမ်ချန်ပီယံဆု ၂၂ ကြိမ် ရရှိခဲ့ရာမှာ ပြင်သစ်အိုးပင်းပြိုင်ပွဲတစ်ခုတည်းကနေ ချန်ပီယံဆု ၁၄ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ (NVS 008)