“အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် လျှောက်ထားနိုင်”
26 May
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် ဧပြီလ၊ မေလ၊ ဇွန်လ အတွက် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်လျှောက်ထားနိုင်ပြီး တစ်လလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၈၅ နှစ်အထက် လူမှုရေးပင်စင်လျှောက်ထားရာတွင် ၁၉၄၀ ခုနှစ်၊ မတ်လ ၃၀ ရက်(၁၃ဝ၁ ခုနှစ်၊ တပေါင်းလဆုတ် ၉ ရက်)မတိုင်မီ မွေးဖွားသူ၊ ၁၉၄၀ ခုနှစ်၊ မတ်လ ၃၀ ရက် ရှေ့ပိုင်းမွေးဖွားသူဖြစ်ရပါမယ်။ လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်) အိမ်ထောင်စုစာရင်းမိတ္တူ၊ (၄"x၆") အရွယ်ဓာတ်ပုံ၊ ငွေထုတ်ယူမည့် ကိုယ်စားလှယ်(သား၊ သမီး၊ မြေး) ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူဖြင့် သတ်မှတ်လျှောက်လွှာပုံစံ ဖြည့်သွင်းကာ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှတစ်ဆင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးများသို့ ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက် နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်းသိရပါတယ်။ (NVS-004)