“တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး မအောင်မြင်သူများအတွက် Polytechnic Institue ဖွင့်လှစ်ရန်စီစဉ်နေ”

26 May

တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုပြီး မအောင်မြင်ခဲ့သူတွေ တက်ရောက်နိုင်မဲ့ Polytechnic Institue ကို ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိမြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ Polytechnic Institue ကို ပထမနှစ် တက်ရောက်အောင်မြင်ပြီးပါက အသိအမှတ်ပြုလက်မှတ် Certificate ရရှိမှာ ဖြစ်ပြီး နောက်ထပ် ၂ နှစ် တက်ရောက်အောင်မြင်ပြီးပါက ဒီပလိုမာရရှိမှာဖြစ်ကာ Polytechnic Universityကို ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Polytechnic နည်းပညာတွေကို သင်ကြားခြင်းဖြင့် ထူးချွန်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူတွေ မွေးထုတ်နိုင်မှာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးနယ်ပယ်နဲ့ စက်မှုနယ်ပယ်တို့မှာ ကျွမ်းကျင်သူတွေ ပိုမိုပေါ်ထွက်လာစေမှာ ဖြစ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ ကွန်ပျူတာနဲ့နည်းပညာကို ပေါင်းစပ်ထားတဲ့ Polytechnic University တွေကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ (NVS-004)

26 May

ADVERTISE HERE .