“အီတလီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် တက်ရောက်နိုင်မည့် ပညာသင်ဆုအတွက် လျှောက်ထားနိုင်”
26 May
မြန်မာကျောင်းသားများ အီတလီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် တက်ရောက်နိုင်ရန်အတွက် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း AWBA Group က အသိပေးထုတ်ပြန်ထားပါတယ်။ အီတလီနိုင်ငံမှာ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများကို ပံ့ပိုးကူညီနိုင်ရန်အတွက် ယင်းအစီအစဥ် ကို ရန်ကုန်ရှိ အီတလီသံရုံးနှင့် Myanma Awba Group တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဆိုပါ Awba Group အနေနဲ့ 2025-2026 ပညာသင်နှစ်တွင် အီတလီနိုင်ငံရှိ တက္ကသိုလ်တစ်ခု၌ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ရေရှည်တည်တံ့မှု သို့မဟုတ် စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအသောက်ဆိုင်ရာ သိပ္ပံဘာသာရပ်များတွင် ဘွဲ့ သို့မဟုတ် မဟာဘွဲ့ ပညာသင်ဆုအတွက် ပညာသင်နှစ် ၄ ခု ပံ့ပိုးပေးသွားမည်ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်နှစ် AWBA Group ပညာသင်ဆုရရှိသူများကို ၎င်းတို့ရဲ့ ပညာသင်နှစ် ရလဒ်ပေါ်မူတည်၍ သက်တမ်းတိုးချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် လျှောက်လွှာများကို [email protected] အီးမေးလ်နဲ့ သံရုံးသို့ ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်ထက်နောက်မကျစေဘဲ တင်သွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)