“အမေရိကန်အနေဖြင့် အခြားနိုင်ငံများအပေါ် စစ်ရေးခြိမ်းခြောက်မှုများမလုပ်ရန် မြောက်ကိုရီးယား တိုက်တွန်း”

26 May

အမေရိကန်အနေဖြင့် အခြားနိုင်ငံများအပေါ် စစ်ရေးခြိမ်းခြောက်မှုများမလုပ်ရန် တိုက်တွန်းကြောင်း မြောက်ကိုရီးယားအစိုးရက မေလ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနမှ မူဝါဒရေးရာရုံးအကြီးအကဲက အမေရိကန်နိုင်ငံ၏လုံခြုံရေးအတွက် အာမခံချက်သည် အခြားနိုင်ငံများ အပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုများလုပ်ဆောင်နေခြင်းကို စွန့်လွှတ်လိုခြင်းရှိ၊ မရှိ စသည့် အခြေအနေအပေါ် မူတည်နေကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံမှ ခြိမ်းခြောက်မှုရှိသည်ဟု အကြောင်းပြကာ စစ်လက်နက်ပစ္စည်းများကို တိုးမြှင့်ဖြန့်ကြက်လာနေခြင်း ဖြစ်ကြောင်း၊ အလားတူ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းပကား တိုးမြှင့်နေခြင်း အပေါ် ရန်စမှုများလုပ်ဆောင်နေကြောင်း အဆိုပါ မူဝါဒရေးရာရုံးအကြီးအကဲ က ဆိုသည်။ အမေရိကန်စစ်ဘက်က မကြာသေးမီက တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ချိန်တွင် ယင်းတို့၏ လုပ်ဆောင်ချက် က ကာကွယ်ရေးအရဖြစ်သည်ဟုဆိုထားပြီး မြောက်ကိုရီးယားက အလားတူလုပ်ဆောင်ချိန်တွင် ထိုလုပ်ဆောင်ချက်ကို အန္တရာယ်ဖြစ်စေသည်ဟုဆိုလာခြင်းက ယုတ္တိမရှိသောအတွေးအခေါ်ဖြစ်ကြောင်း ထို အကြီးအကဲကဆက်ပြောသည်။ မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နျူကလီးယားလက်နက် အင်အားတိုးချဲ့မှုမှ ထွက်ပေါ်လာသည့်လုံခြုံရေးအရမတည်ငြိမ်မှုကို ဟန့်တားနိုင်ရေးအတွက်သာ လုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု ၎င်းကပြောထားသည်ဟု Yonhap သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 May

ADVERTISE HERE .