“ပရီးမီးယားလိဂ် ဂိုးအများဆုံးနှင့် ဂိုးဖန်တီးမှုအများဆုံးဆုများကို ရရှိခဲ့တဲ့ ဆာလတ်”
26 May
လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလတ် ဟာ ပရီးမီးယားလိဂ် ဂိုးအများဆုံး(Golden Boot Award)နှင့် ဂိုးဖန်တီးမှုအများဆုံး(Playmaker Award)ဆုများကို ရရှိခဲ့ပါတယ်။ ဆာလတ်ဟာ ယခုနှစ်ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဂိုးအများဆုံးဆု(Golden Boot Award)နှင့် ဂိုးဖန်တီးမှု အများဆုံးဆု (Playmaker Award) တွေ ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
26 May