“နောက်ကျသွင်းဂိုးတွေနဲ့ သရေရခဲ့တဲ့ အင်တာမိုင်ယာမီအသင်း”
26 May
မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက ဖီလာဒဲဖီးယားယူနီယံအသင်းကို နောက်မှလိုက်ကစားပြီး တစ်ဖက်သုံးဂိုးနဲ့ သရေရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ အင်တာမိုင်ယာမီအနေနဲ့ ၃ ဂိုး၊ တစ်ဂိုးနဲ့ ရှုံးနိမ်နေရာမှ ပွဲချိန် ၈၇ မိနစ်၊ ၉၅ မိနစ်မှာ ချေပဂိုးများ ပြန်လည် သွင်းယူနိုင်ခဲ့တာကြောင့် သရေရလဒ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ အသင်းခေါင်းဆောင် မက်ဆီ က အင်တာ မိုင်ယာမီအတွက် ဒုတိယဂိုးကို ဖရီးကစ်မှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းက ပြိုင်ပွဲစုံ နောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲသာအနိုင်ရပြီး မေဂျာလိဂ် လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)
26 May