“အာဆီယံယူ-၁၉ အမျိုးသမီးအသင်းအုပ်စုအဖွင့်မှာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် မြန်မာအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေ”

26 May

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် လာမယ့် ဇွန်လ ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်မယ့် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံယှဥ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းက အုပ်စု(က)မှာ အိမ်ရှင် ဗီယက်နမ်၊ လာအို၊ တီမောအသင်းတို့နဲ့ တစ်အုပ်စု တည်းကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်ကို ဇွန်လ ၉ ရက်တွင် စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာယူ- ၁၉ အမျိုးသမီးလက်ရွေးစင်အသင်းက ဇွန်လ ၆ ရက်မှာ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမှာ ဖြစ်ပါတယ်။ မြန်မာယူ-၁၉ လက်ရွေးစင်အမျိုးသမီးအသင်းက လာမယ့်ဩဂုတ်လအတွင်း အာရှဖလား ယူ-၂၀ အမျိုးသမီး ပြိုင်ပွဲရဲ့ ခြေစစ်ပွဲစဉ်ကို ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

26 May

ADVERTISE HERE .