ပခုံးဒဏ်ရာခွဲစိတ်ကုသမှု ခံယူမှာဖြစ်လို့ ကာလရှည်အနားယူရဖွယ်ရှိတဲ့ ဘယ်လင်ဟမ်
23 May
ရီးရဲလ်မက်ဒရစ်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် အနေနဲ့ အမေရိကန်တွင်ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပခုံးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူဖြစ်လို့ ကာလရှည် အနားယူရဖွယ်ရှိနေပါတယ်။ ဘယ်လင်ဟမ် ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ပခုံးဒဏ်ရာရရှိခဲ့ပြီး ပြိုင်ပွဲများကို ပခုံးတွင် အကာအကွယ် ဝတ်ဆင်ကာ ကစားနေခဲ့ရာ လက်ရှိအချိန်မှသာ ခွဲစိတ်ကုသမှု ခံယူမှာဖြစ်ပါတယ်။ ဘယ်လင်ဟမ် ရဲ့ ကာလရှည် အနားယူမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက်သာမက ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကစားဖို့ရှိနေတဲ့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက်လည်း ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘယ်လင်ဟမ် အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၂၃ -၂ဝ၂၄ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၉၄ ပွဲကစားပြီး ၃၇ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။(NVS 008)
23 May