ခရစ္စတယ်ပဲလေ့စ်အသင်း ဂျေမီဗာဒီ အား ခေါ်ယူရန်စီစဉ်

23 May

ခရစ္စတယ်ပဲလေ့စ်အသင်း က လက်စတာစီးတီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဂျေမီဗာဒီ အား ခေါ်ယူရန် စီစဉ်လျက်ရှိပါတယ်။ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူး ဂျေမီဗာဒီ ဟာ အသက်အရွယ်ပိုင်းအရ ကြီးမြင့်နေပေမယ့် ခြေစွမ်းပိုင်း ကျဆင်းခြင်း မရှိသေးတဲ့အပြင် လက်စတာစီးတီးအသင်းနှင့်အတူ ၂ဝ၁၂-၂ဝ၁၃ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ပွဲ ၅ဝဝ ကစားပြီး ဂိုး ၂ဝဝ ထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဂျေမီဗာဒီ ကိုယ်တိုင်ကလည်း ပရီးမီးယား လိဂ်တွင် ဆက်ကစားလိုတာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားသွားဖွယ် ရှိနေ ပါတယ်။(NVS 008)

23 May

ADVERTISE HERE .