အက်သလက်တီကိုအသင်းတွင် အယ်လ်ဗာရက်ဇ် ဆက်ရှိနေမယ်လို့ အသင်းဥက္ကဋ္ဌ အတည်ပြု
23 May
တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် အား ရောင်းချမည်ဆိုသောသတင်းများက ကောလာဟလများသာဖြစ်ပြီး အသင်းတွင်သာဆက်ရှိသွားမည်ဖြစ်ကြောင်း အက်သလက်တီကိုမက်ဒရစ်အသင်း ဥက္ကဋ္ဌဖြစ်သူ စီရီဇို က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် အနေနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်အတူ ယခုနှစ်ဘောလုံး ရာသီတွင် ပြိုင်ပွဲစုံ ၅၃ ပွဲကစားပြီး ၂၉ ဂိုး သွင်းယူကာ ခြေစွမ်းပြထားတာကြောင့် အသင်းဥက္ကဋ္ဌ စီရီဇို က အယ်လ် ဗာရက်ဇ် က အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး လုံးဝရောင်းချသွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
23 May