“ရွှေဘိုမြို့၌ မိုးသီးနှံစိုက်ရာသီတွင် မတ်ပဲ ၁,၁၁၅ ဧက စိုက်ပျိုးမည်”

22 May

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲ ၁,၁၁၅ ဧက စိုက်ပျိုးမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မိုးသီးနှံစိုက်ပျိုးရာသီ၌ မတ်ပဲ ၁,၁၁၅ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လမှစတင်ကာ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ရွှေဘိုမြို့နယ်အတွင်းရှိ မတ်ပဲစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲ ရေး၊ အထွက်နှုန်းကောင်းမွန်ရေးတို့ကို မြေပြင်ကွင်းဆင်းကာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးမှာ ဖြစ်ပါ တယ်။ မတ်ပဲကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်တာကြောင့် မတ်ပဲပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးတွက် ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း သိရပါတယ်။ (NVS-004)

22 May

ADVERTISE HERE .