“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်သရုပ်ဆောင်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) အတွက် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ”
22 May
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က ဇွန်လအတွင်းဖွင့်လှစ်မည့် ရုပ်ရှင်သရုပ်ဆောင်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) အတွက် ဝင်ခွင့်လျှောက်လွှာများ စတင်ခေါ်ယူထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌထံမှ သိရပါ တယ်။ အဆိုပါ ရုပ်ရှင်သရုပ်ဆောင်သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံများ ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် မေလ ၂၆ ရက်မှစတင်ကာ ဇွန်လ ၆ ရက်ထိ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါ တယ်။ မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ရုပ်ရှင်သရုပ်ဆောင်သင်တန်းများကို ၁၉၅၆ ခုနှစ်က စတင်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ ထူးချွန်ထင်ရှားသည့် အကယ်ဒမီဆုရ ရုပ်ရှင်သရုပ်ဆောင်များသာမက ရုပ်ရှင်ဒါရိုက်တာများ ကို လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)
22 May