“နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/ကျောင်းသူများ ခေါ်ယူ”

22 May

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း(ရန်ကုန်)နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့တွင် ကျောင်းသား၊ ကျောင်းသူများ ခေါ်ယူနေကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရပါတယ်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ လျှောက်ထားရာတွင် သတ်မှတ်ချက်များအနေဖြင့် အကြားအာရုံချို့ယွင်း အားနည်းသူ၊ အသက် ၆ နှစ်မှ ၁၈ နှစ်အတွင်းရှိသူ၊ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူလိုစိတ်ရှိသူနှင့် အိမ်ထောင်မရှိဖူးသူ(လူပျို/အပျို) ဖြစ်ရမှာ ဖြစ်ပါ တယ်။ ကျား/မ၊ လူမျိုးနှင့်ကိုးကွယ်ရာဘာသာမရွေးလျှောက်ထားနိုင်ပြီး ကျောင်းအပ်နှံပါက မိဘ(သို့မဟုတ်)အုပ်ထိန်းသူ ကိုယ်တိုင် လာရောက်အပ်နှံရမှာဖြစ်ပါတယ်။ ကျောင်းအပ်နှံရာတွင် ကလေး၏ပတ်စ်ပို့ဓာတ်ပုံ ၄ ပုံ၊ ဖွားစာရင်း မူရင်းနှင့် မိတ္တူ၊ မိဘ ၂ ဦး မှတ်ပုံတင် မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာန၏ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်နှင့် အကြား အာရုံချို့ယွင်းမှုတိုင်းတာစစ်ဆေးပြီးသည့် နားကြားနှုန်း (Audiograph dB) စာရွက်စာတမ်း စသည်တို့ လိုအပ်ပါတယ်။ လျှောက်ထားလိုသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း၊ အမှတ်-၃၄၊ F, G၊ အိုးစု ၃ လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့နှင့် နားမကြားသောကလေးများကျောင်း၊ အကွက်-၈၅၈ ၊ ချမ်း/တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့သို့ တိုက်ရိုက်ဖြစ်စေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့် စုံစမ်းနိုင်ပါတယ်။ အသေးစိတ်သိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်းနံပါတ် ၀၆၇-၃၄၀၄၂၅၂၊ နားမကြားသောကလေးများကျောင်း(ရန်ကုန်) ဖုန်းနံပါတ် ၀၁-၉၅၄၈၈၇၂၊ ၀၉-၂၅၀၀၇၇၂၆၈ နှင့် နားမကြားသောကလေးများကျောင်း(မန္တလေး) ဖုန်းနံပါတ် ၀၂- ၄၀၃၄၆၁၇၊ ၁၂-၄၀၃၀၀၄၃၊ ၀၉ - ၄၀၂၆၆၂၆၈၉ တို့ထံ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

22 May

ADVERTISE HERE .