“စတာလင် ကို ဖူလ်ဟမ်အသင်းသို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့တဲ့ ဂါးလက်စ်”
22 May
ချဲလ်ဆီးအသင်းနှင့် အာဆင်နယ်အသင်း နောက်ခံလူဟောင်း ဂါးလက်စ် က ချဲလ်ဆီးတိုက်စစ်ကစားသမား စတာလင် ကို ဖူလ်ဟမ်အသင်းသို့ ပြောင်းရွှေ့ကစားရန် တိုက်တွန်းခဲ့ပါတယ်။ စတာလင် ဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးအသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ရုန်းကန် နေရခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့အတွက် ယခုရာသီတွင် အာဆင်နယ်အသင်းသို့ အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ပြီး အာဆင်နယ်အသင်းမှာ ပြိုင်ပွဲစုံ ၂၇ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂါးလက်စ် က စတာလင် ကို ဖူလ်ဟမ်အသင်းသို့ ပြောင်းရွှေ့ကစားပြီး ကစားသမားဘဝ ပြန်လည် တည်ဆောက်သင့်ကြောင်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ (NVS 008)
22 May