အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အစ္စရေးကပြင်ဆင်နေ

21 May

အမေရိကန်နိုင်ငံမှရရှိသော ထောက်လှမ်းရေးသတင်းများအရ အစ္စရေးသည် အီရန်နျူကလီးယား စက်ရုံ များကို တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်းနှင့် အစ္စရေးက ဘယ်လိုတိုက်ခိုက်မှုမျိုး ဖြစ်နိုင်မလဲဆိုတာက အမေရိကန်နဲ့ အီရန်နိုင်ငံတို့ နျူကလီးယားစေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ဂျေရုဆလင်ရဲ့ရလဒ်တွေအပေါ် မူတည်နေကြောင်း မေလ ၂၀ ရက်တွင် CNN သတင်းဌာနက ဖော်ပြခဲ့သည်။ အစ္စရေးခေါင်းဆောင်များက အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်းနဲ့ ၎င်းအရာရှိများကို ကိုးကားပြီး CNN မှ “နောက်ဆုံးတွင် အစ္စရေးက လုပ်ဆောင်မည့် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ အမေရိကန်အစိုးရအတွင်း နက်ရှိုင်းစွာ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း” ပြောကြားခဲ့သည်။ အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုမှန်သမျှသည် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ပြတ်ပြတ်သားသား ကွဲပြားမှုများရှိခဲ့ကြောင်း တာဝန်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။ ပိုမိုကျယ်ပြန့်သော ဒေသတွင်းစစ်ပွဲကို ဖြစ်စေနိုင်ကြောင်း ၎င်းတို့ကဆက်ပြောသည်။ “အစ္စရေးက ဘယ်လိုတိုက်ခိုက်မှုမျိုး လုပ်ဆောင်နိုင်မလဲ ဆိုတာကတော့ အမေရိကန်နဲ့ အီရန်နျူကလီးယား စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ဂျေရုဆလင်ရဲ့ အမြင်တွေအပေါ် မူတည်နေကြောင်း သိရသည်။ သို့သော်လည်း အီရန်နျူကလီးယားစက်ရုံကို အစ္စရေးက မကြာသေးမီလများ အတွင်းကပင် တိုက်ခိုက်မှုများလုပ်ဆောင်ရန် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ အီရန်၏ ယူရေနီယံအားလုံးကို ဖယ်ရှားမှု မပြုသည့် အမေရိကန်သမ္မတ ထရမ့် ရဲ့ ညှိနှိုင်းချက်အရ အမေရိကန်-အီရန် သဘောတူညီချက်၏ အလားအလာမှာ အီရန်နိုင်ငံ၏ ယူရေနီယံအားလုံးကို မဖယ်ရှားနိုင်တော့ကြောင်း အခြားသတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။ အစ္စရေးအကြီးတန်းအရာရှိများထံမှ ဆက်သွယ်မှုများနှင့် အစ္စရေးစစ်တပ်လှုပ်ရှားမှုများကို ကြားဖြတ် စောင့်ကြည့်မှုများအရ အစ္စရေး၏ တိုက်ခိုက်မှုများမှာ ပြောင်းလဲသွားနိုင်ကြောင်း သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေးလှုပ်ရှားမှုများတွင် လေကြောင်းမှ ခဲယမ်းများရွှေ့ပြောင်းခြင်းနှင့် ပြီးပြည့်စုံတဲ့ လေကြောင်းဆိုင်ရာလေ့ကျင့်မှုများ ပါဝင်ကြောင်းသိရသည်။ သို့သော်လည်း အစ္စရေးတို့၏ ကြိုးပမ်းမှုများက အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်မှာ အဓိကကျသော မူဝါဒများကို စွန့်လွှတ်ရန်အတွက် ဖိအားပေးရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး အိမ်ဖြူတော်က အမြဲပြောင်းလဲနေသော ရှုပ်ထွေးမှုများကို မီးမောင်းထိုးပြခြင်းသာဖြစ်ကြောင်း CNN က ဖော်ပြခဲ့သည်။

21 May

ADVERTISE HERE .