Starlink ကို ယုံကြည်စိတ်ချရသော အင်တာနက်အသုံးပြုမှု မြှင့်တင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်တွင်စတင်
21 May
နည်းပညာလုပ်ငန်းရှင် Elon Musk ၏ SpaceX ပိုင်ဆိုင်သော ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှု Starlink အား ယုံကြည်စိတ်ချရပြီး အနှောက်အယှက်ကင်းကင်း သုံးစွဲနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့် နေစဉ် တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ ၂၀ ရက် အင်္ဂါနေ့တွင် စတင်ခဲ့သည်။ ယမန်နှစ် သီတင်းပတ်များအတွင်း ပြင်းထန်သော ဆန္ဒပြမှုများအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထွက်ပြေးသွားပြီးနောက် အစိုးရကိုဦးဆောင်ခဲ့သူ မိုဟာမက် ယူနွတ် က အဆိုပါ သဘောတူညီ ချက်သည် အနာဂတ်နိုင်ငံရေး ကသောင်းကနင်းဖြစ်မလာနိုင်သည့် ဝန်ဆောင်မှုကိုပေးထားကြောင်း ပြောကြား ခဲ့သည်။ လစဉ်ပက်ကေ့ဂျ်များ ဝန်ဆောင်မှုအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေ ၄,၂၀၀ (၃၅ ဒေါ်လာ) မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုရရှိနိုင်ပြီဖြစ်ကြောင်း မိုဟာမက် ယူနွတ် ရဲ့လက်ထောက် တိုင်ယက် ကပြောသည်။ တစ်ကြိမ်ပေးချေမှုမှာ တာကာငွေ ၄၇,၀၀၀ ဖြင့် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း အဆိုပါအင်တာနက်ဝန်ဆောင်မှုကို ရရှိပြီဖြစ်ကြောင်း၊ ဈေးအနည်းငယ်ကြီးပေမယ့် အရည်အသွေး မြင့်မားသည့် အင်တာနက်ကိုရရှိမည်ဖြစ်ကြောင်းနှင့် အင်တာနက်ဆက်ကြောင်း မရရှိသေးသည့်ဒေသများ အတွက် အဆင်ပြေကြောင်း တိုင်ယက် က ဆက်လက်ပြောကြားခဲ့သည်။