“ကူညာ ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ မန်ယူအသင်း”
21 May
မန်ယူအသင်းက ဝုလ်ဗ်အသင်းတိုက်စစ်ကစားသမား ကူညာ ကို ပေါင် ၆၂ ဒသမ ၅ သန်းနဲ့ ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ ကူညာ က ဝုလ်ဗ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းများစွာရဲ့ စိတ်ဝင်စားခြင်းခံနေရပြီး ၎င်းအနေနဲ့လည်း ရာသီကုန်မှာ အသင်းပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ဝန်ခံထားပါတယ်။ ကူညာ ဟာ ဝုလ်ဗ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့် ထိပ်တန်းအဆင့် အသင်းတစ် သင်းထံ ပြောင်းရွှေ့ကစားရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဝုလ်ဗ်အသင်းက ၎င်းနှင့် ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးတန်ဖိုး ပေါင် ၆၂ ဒသမ ၅ သန်း ပေးချေပါက ရောင်းထုတ်မည်ဖြစ်ပြီး ယခုအခါ မန်ယူအသင်းက အဆိုပါစာချုပ်လျော်ကြေးအတိုင်း ပေးချေကာ ခေါ်ယူနိုင်ရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်နား ရောက်ရှိနေပေမယ့် ယူရိုပါလိဂ်မှာ ဗိုလ်စွဲပါက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)