“စီးရီးအေနောက်ဆုံးပွဲစဉ်ကို အင်ဇာဂီနှင့် ကွန်တီတို့ ကြီးကြပ်ခွင့်မရရှိ”
21 May
အင်တာမီလန်နည်းပြ အင်ဇာဂီနှင့် နာပိုလီနည်းပြ ကွန်တီ တို့က စီးရီးအေနောက်ဆုံးပွဲစဉ်ကို ကြီးကြပ်ခွင့် ရရှိမည်မဟုတ်ကြောင်း သိရပါတယ်။ ၎င်းတို့နှစ်ဦးသည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်များမှာ အနီကတ်ပြစ်ဒဏ်များနှင့် ရင်ဆိုင်ခဲ့ရတာကြောင့် နောက်ဆုံးပွဲစဉ်၌ ပွဲပယ်ခံရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အေစီမီလန်နည်းပြ ကွန်ဆီကာအို၊ လာဇီယိုနည်းပြ ဘာရိုနီ၊ အူဒီးနီးစ်နည်းပြ မာကရွန်နှင့် ပါးမားနည်းပြ ချီဗူးတို့မှာလည်း ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခံထားရတာဖြစ်ပါတယ်။ ချီဗူးနှင့် မာကရွန်တို့မှလွဲ၍ ကျန်နည်းပြများမှာ ဒဏ်ငွေ ယူရို ၅,၀၀၀ စီလည်း ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ စီးရီးအေပွဲစဉ် ၃၇ ယှဉ်ပြိုင်အပြီးမှာ နာပိုလီအသင်းက ၇၉ မှတ်၊ အင်တာမီလန်အသင်းက ၇၈ မှတ်ရရှိထား တာကြောင့် ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်ဟာ အဆုံးအဖြတ်ဖြစ်ပြီး နည်းပြနှစ်ဦးစလုံး ကြီးကြပ်ခွင့် မရရှိတဲ့အတွက် ပိုမို၍ စိတ်လှုပ်ရှားစရာဖြစ်နေကြောင်း အီတလီမီဒီယာအချို့က သုံးသပ်ခဲ့ကြပါတယ်။ (NVS 008)