“စထရက်ဘောအိုးပင်း ဒုတိယအဆင့်ကို တက်ရောက်ခဲ့တဲ့ ရာဒူကာနူ”
21 May
ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ ဟာ စထရက်ဘော့အိုးပင်း ပထမအဆင့်မှာ နိုင်ပွဲရယူပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပထမအဆင့်ပွဲစဉ်မှာ ရာဒူကာနူ ဟာ ကမ္ဘာ့အဆင့် (၆) ရထားတဲ့ ရုရှားတင်းနစ်မယ် ကာဆက်ကီနာ နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၄၃) မှာ ရပ်တည်နေတဲ့ ရာဒူကာနူဟာ ကာဆက်ကီနာနဲ့ ဆုံတွေ့ခဲ့ဖူးတဲ့ ၃ ပွဲစလုံးမှာ ရှုံးနိမ့် ထားခဲ့တာကြောင့် အခုပွဲမှာလည်း ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီးထွက်ရလိမ့်မယ်လို့ အားလုံးက သုံးသပ်ထားခဲ့ ကြပါတယ်။ ဒါပေမယ့် အခုပွဲမှာတော့ ရာဒူကာနူ ရဲ့လက်စွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေကာ ပွဲချိန်တောက်လျှောက် ကာဆက်ကီနာ ကို အသာစီးကစားသွားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၁၉ မိနစ်သာ ကြာမြင့်ခဲ့ပြီး ရာဒူကာနူ က ကာဆက်ကီနာကို ၆-၁၊ ၆-၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ကာ ဒုတိယအဆင့်ကို တက်ရောက်ခွင့်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အခုပွဲရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူရသလို လာမယ့်အဆင့်တွေမှာလည်း အပြည့်အဝအာရုံစိုက် သွားမယ်လို့ အသက် ၂၂ နှစ်အရွယ် ရာဒူကာနူ က ပြောကြားသွားခဲ့ပါတယ်။ ဒုတိယအဆင့်ပွဲစဉ်မှာ ရာဒူကာနူ ဟာ အမေရိကန်တင်းနစ်မယ် ကောလင်းစ် နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။(NVS 008)