“အေဂျက်ဇ်အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်တဲ့ နည်းပြ ဖာရီအိုလီ”
21 May
နယ်သာလန်အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပီအက်စ်ဗီအသင်းနောက် ဒုတိယနေရာသာရခဲ့တဲ့ အေဂျက်ဇ်အသင်းနဲ့ နည်းပြဖာရီအိုလီတို့ လမ်းခွဲလိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ အေဂျက်ဇ်အသင်းဟာ အခုရာသီ နယ်သာလန်လိဂ်ပြီးဆုံးဖို့ ၇ ပွဲသာ လိုတော့တဲ့အချိန်မှာ ဒုတိယနေရာက အသင်းကို ၉ မှတ်ဖြတ်ထားပြီး ဦးဆောင်သူဖြစ်ခဲ့ပေမယ့် ရာသီအကုန်မှာတော့ PSV အသင်းက ၁ မှတ်အသာနဲ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် အီတလီလူမျိုးနည်းပြ ဖာရီအိုလီဟာ အေဂျက်ဇ်အသင်းကို အခုရာသီ မစခင်မှာ ၃ နှစ် စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ဘောလုံးရာသီတစ်ခုသာ တာဝန်ယူခဲ့ပြီးနောက် လမ်းခွဲသွား ခဲ့တာ ဖြစ်ပါတယ်။ နည်းပြဖာရီအိုလီ နဲ့ အသင်းတာဝန်ရှိသူတွေဟာ အေဂျက်ဇ်အသင်းအနာဂတ်အတွက် တူညီတဲ့ရည်မှန်းချက် တွေရှိခဲ့ပေမယ့် လုပ်ဆောင်ရမယ့် နည်းလမ်းတွေမှာတော့ အမြင်ကွဲပြားမှုတွေရှိနေတာကြောင့် အခုလိုမျိုး လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ နည်းပြ ဖာရီအိုလီ က ပြောကြားသွားခဲ့ပါတယ်။ အသက်ငယ်ရွယ်ပေမယ့် စွမ်းဆောင်ရည်ကောင်းသလို နည်းပြကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် အလားအလာကောင်းတွေရှိတဲ့ ဖာရီအိုလီ ကို စီးရီးအေကလပ် အေစီမီလန်အသင်းအပါအဝင် အီတလီကလပ်အသင်း တွေက စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပါတယ်။ (NVS 008)