“ဘုန်းမောက်နှင့်ပွဲမတိုင်ခင်မှာ နှုတ်ဆက်ပွဲပြုလုပ်ခဲ့တဲ့ ဒီဘရိုင်း”

21 May

ပြီးခဲ့တဲ့ မေလ ၂၀ ရက်က ကစားခဲ့တဲ့ မန်စီးတီးအသင်းနှင့် ဘုန်းမောက်အသင်းတို့ ပွဲစဉ်မစတင်ခင်မှာ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်း အတွက် နှုတ်ဆက်ပွဲပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ မန်စီးတီးအသင်းရဲ့ ယခုရာသီ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်တာကြောင့် ရာသီကုန်မှာ လမ်းခွဲတော့မည့် ဒီဘရိုင်း အတွက် နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဘရိုင်း ဟာ မန်စီးတီး အသင်းနှင့် လမ်းခွဲပြီးပါက ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ ပြောင်းရွှေ့ကစားရန်သာ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒီဘရိုင်း ဟာ ၂၀၁၅ ခုနှစ်တွင် ဝုလ်ဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ရောက်လာခဲ့ပြီး မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ကာ ပြိုင်ပွဲစုံပွဲပေါင်း ၄၂၀ ကစား သွင်းဂိုး ၁၀၈ ဂိုး အထိ သွင်းထားပြီး အသင်းနှင့်အတူ ဆုဖလားပေါင်း ၁၆ လုံး ဆွတ်ခူးခဲ့ပါတယ်။ (NVS 008)

21 May

ADVERTISE HERE .