“ပင်းပက် သံမဏိစက်ရုံလည်ပတ်ရေးအတွက် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နေ”

21 May

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်) လည်ပတ်နိုင်ရေးအတွက် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ လက်ရှိမှာ စက်များတပ်ဆင်ရေးလုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံ TPE CO., Ltd မှ ကျွမ်းကျင်ပညာရှင်များ ရောက်ရှိနေပြီဖြစ်‌ပါတယ်။ အဆိုပါ ရုရှားပညာရှင်အဖွဲ့သည် စက်ရုံရှိ Air Separation Unit ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများကို စစ်ဆေးရန်နှင့်အပြီးသတ်လုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေခြင်းလည်း ဖြစ်ပါတယ်။ ပင်းပက်သံမဏိစက်ရုံစီမံကိန်းက ပင်းပက်ဒေသမှထွက်ရှိမယ့် တွင်းထွက်ကုန်ကြမ်းဖြစ်တဲ့ အရည်အသွေးနိမ့် သတ္တုရိုင်းကို အခြေခံပြီးသံစိမ်းအဖြစ် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည့်စီမံကိန်းလည်း ဖြစ်ပါတယ်။ ပင်းပက်သံမဏိ စက်ရုံမှာ သံရည်ကျိုအလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး ၁၉ ရုံအားဝန်အားမပါ စမ်းသပ်လည်ပတ်ထားနိုင်ပြီ ဖြစ်ကာ ကျန်အလုပ်ရုံခွဲ ၃ ရုံကို စစ်ဆေးပြုပြင်ပြီးပါက ကုန်ထုတ်လုပ်မှုများတပြိုင်တည်း ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါတယ်။ (NVS 004)

21 May

ADVERTISE HERE .