“တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း ၈ သောင်းကျော်တွင် လုပ်သားဦးရေ ၄ သိန်းခွဲကျော် လုပ်ကိုင်လျက်ရှိ”

21 May

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများအပါအဝင် MSME လုပ်ငန်းပေါင်း ၈ သောင်းကျော်မှာ လုပ်သားဦးရေ ၄ သိန်းခွဲကျော် လုပ်ကိုင်လျက်ရှိတယ်လို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှ မေလ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် တို့မှာ MSME လုပ်ငန်းများထိခိုက်မှုရှိခဲ့တာကြောင့် ထိခိုက်မှုများရှိခဲ့တဲ့ အဆိုပါလုပ်ငန်းများ ပြန်လည်လည်ပတ် နိုင်ရေးအတွက် လိုအပ်တဲ့အကူညီများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ စိုက်ပျိုးရေးစွမ်းအား၊ ကုန်ထုတ်စွမ်းအားနှင့် ကုန်သွယ်မှု၊ ကူးသန်း ရောင်းဝယ်မှုများ တိုးတက်ကောင်းမွန်စေရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ အစိုးရများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ ဟန်ချက်ညီညီဖြင့် ဆက်လက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမယ်လို့ နစက ဒုတိယဥက္ကဋ္ဌက တိုက်တွန်းပြောကြား ခဲ့ပါတယ်။ (NVS 004)

21 May

ADVERTISE HERE .