“ပွဲချိန်မိနစ်အပြည့်ကစားတဲ့မှတ်တမ်း ရပ်တန့်ခဲ့တဲ့ ဗန်ဒိုက်”

20 May

လီဗာပူးလ်အသင်းရဲ့ ဒတ်ချ်နောက်ခံကစားသမား ဗန်ဒိုက် ဟာ ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရပြီး လူစားထိုးကစားခွင့်မရခဲ့တာကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲတိုင်း၊ ပွဲချိန်မိနစ်တိုင်းကစားတဲ့မှတ်တမ်းရပ်တန့်သွားခဲ့ရပါတယ်။ ဗန်ဒိုက် ဟာ ပရီးမီးယားလိဂ်မှာ ဒီရာသီမှာတင်မကဘဲ ပြီးခဲ့တဲ့ရာသီအပါအဝင် ၆၉ ပွဲ ဆက်တိုက် ပွဲထွက် ကစားခွင့်ရရှိခဲ့သလို ပွဲစဉ်တိုင်းမှာ ပွဲချိန်ပြည့်ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အခုမှတ်တမ်းအပျက်ခံပြီး ဗန်ဒိုက် ကို အနားပေးခဲ့တဲ့ နည်းပြ အာနီဆလော့ရဲ့ဆုံးဖြတ်ချက်က အံ့အားသင့်စရာဖြစ်နေပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ (NVS 008)

20 May

ADVERTISE HERE .