“မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ဥပုသ်နေ့တိုင်း ဖူးမြော်ခွင့်ပြုနိုင်ရေး ဆောင်ရွက်နေ”

19 May

NVS 004- May 19, 2025. မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပြုပြင်ဆဲကာလအတွင်း ဥပုသ်နေ့တိုင်း ဖူးမြော်နိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိတွင် မေလ ၁၉ ရက်(ကဆုန်လပြည့်ကျော် ၈ ရက် ဥပုသ်နေ့)မှာ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ရဟန်းရှင်လူပြည်သူများ အရှေ့စောင်းတန်းမှ ဝင်ရောက်ဖူးနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြားရက်များတွင် အရှေ့စောင်းတန်းထိပ်မှ ဖူးမြော်ကြည်ညိုနိုင်ကြောင်းလည်း မဟာမုနိဂေါပကအဖွဲ့က အသိပေးထားပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် မဟာမြတ်မုနိဘုရားဝင်းအတွင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ဖူးမျှော်နိုင်ရန် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ( NVS 004)

19 May

ADVERTISE HERE .