“ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား ၁,၂၀၀ ကျော် ခေါ်ယူရန်ကမ်းလှမ်းစာပို့”

19 May

ဂျပန်နိုင်ငံရှိစက်ရုံ၊ ကုမ္ပဏီများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ကုမ္ပဏီ ၃၁၀ က မြန်မာအလုပ်သမား ၁,၂၀၀ ကျော် ခေါ်ယူရန် ကမ်းလှမ်းစာပို့ထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ အဆိုပါ ကမ်းလှမ်းစာအရ မြန်မာလုပ်သား ၁,၂၆၃ ဦးကို ခေါ်ယူထားပြီး အမျိုးသားလုပ်သား ၄၀၀ ကျော်နှင့် အမျိုးသမီးလုပ်သား ၈၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။ အလုပ်ကမ်းလှမ်းထားတဲ့ ဂျပန်ကုမ္ပဏီ ၃၁၀ နဲ့သက်ဆိုင်တဲ့ အချက်အလက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ စိစစ်ပြီး အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှ ပြည်ပထွက် အလုပ်လုပ်နိုင်ရန် စစ်မှုထမ်းဥပဒေအရ အသက်ကန့်သတ်ချက်၊ OWIC ကတ် ရရှိရန် အခက်အခဲများ ရှိနေကြောင်း အေဂျင်စီများ၏ ပြောပြချက်အရ သိရပါတယ်။ (NVS 004)

19 May

ADVERTISE HERE .